Quick Start Guide

Table Of Contents
မြန်မ
113
ကိရိယာကို အလွန်ပူသော၊ အေးသော သို့မဟတ် စိုထိုင်းသော
ပတ်ဝန်းကျင်တို့တွင မထားပါနှင့်။ အပူချိန်နှင့ိုထိုင်းဆ လိုအပ်ချက်များ
အတွက် ကိရိယာဆိုင်ရာ အသေးစိတ်အချက်များတွင ရှုပါ။
ကိရိယာမှီးခိုးငွေ့၊ ညှော်နံ့စသည့် အနံ့၊ ဆူညံသံမျာွးက်လာလျှင်
ပါဝါချက်ချင်းပိတ်၊ ပါဝါကေဘယ် ဖြုတ်ပြီး ပြုပြင်ရေးစင်တာသို့ ဆက်သွယ်ပါ။
ကိရိယာ ကောင်းကောင်းအလုပ်မလုပ်ပါက င်ဝယ်ယူခဲ့သော စတိုးဆိုင်ကို
ဖြစ်စေ၊ အနီးစပ်ဆုံး ဝန်ဆောင်မှု စင်တာသို့ဖြစ်စေ ဆက်သွယ်ပါ။
ကိရိယာကို ခွင့်ပြုမထားသည့် နည်းများဖြင့် ဖြုတ်ခြင်း သို့မဟုတ် ပြင်ဆင်
ပြောင်းလဲခြင်းများ မလုပ်ပါနှင့် (ခွင့်ပြုချက်မရဘဲ ပြင်ဆင်ပြောင်းလဲခြင်း
သို့မဟုတ် ထိန်းသိမ်းပြင်ဆင်ခြင်းကြောင့် ပြဿနာများ ဖြစ်ခဲ့ပါက
မိမိတို့ကုမ္ပဏီမှ တာဝန်ယူမည် မဟုတ်ပါ။)
ပါကင်ကို ဖြေပြီးပါက နောင်တွင် အသုံးပြုရန်အတွက် ပါကင်ပစ္စည်း
အားလုံးကို သိမ်းထားပါ။ မှားယွင်းမှု တစ်စုံတစ်ရာဖြစ်ပွားပါက ကိရိယာကို
မူလပါကင်အတိုင်း ပြန်ထုပ်ပိုး၍ စက်ရုံသို့ ပြန်ပို့ရန် လိုအပ်ပါသည်။
မူရင်းထုတ်ပိုးမှုအတိုင်း မဟုတ်ဘဲ သယ်ယူပို့ဆောင်ခဲ့ပါက ကိရိယာ ပျက်စီး
နိုင်သဖြင့် ကုမ္ပဏီမှ မည်သို့မျှ တာဝန်ယူမည် မဟုတ်ပါ။
အတွင်းနှင့် အပြင မျက်နှာပြင်များကို နူးညံ့ခြောက်သွေ့သည့် အဝတ်စဖြင့်
ဖြစ်စေ၊ အခြား အစားထိုးပစ္စည်းများဖြင့် ဖြစ်စေ သုတ်ပြီး စခရင်ကို
သန့်ရှင်းရေး လုပ်ပေးပါ။ အယ်ကာလိုင်းပါဝင်သော ဆပ်ပြာရည်များကို
အသုံးမပြုပါနှင့်။ မျက်နှာပြင်ကို အစင်းရာများ မဖြစ်အောင် ကာကွယ်ပါ။
ယာဉ်မောင်း ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရန်အတွက် ဤကိရိယာကို
မြင်ကွင်းမဖုံးကွယ်သော နေရာတွင် တပ်ဆင်ပေးပါ။
ဘက်ထရီကို တစ်ပတ်ထက်ပိုပြီး ဆက်တိုက် အားမသွင်းပါနှင့်။
အလွန်အကျွံအားသွင်းခြင်းသည် ဘက်ထရီသက်တမ်းကို တိုစေသည်။
အချိန်ကြာမြင့်စွာ အသုံးမပြုပါက ဘက်ထရီသည် တဖြည်းဖြည်း
အားကုန်သွားလိမ့်မည်။ အသုံးမပြုမီ ဘက်ထရီအားပြန်သွင်းရပါမည်။