Quick Start Guide

Table Of Contents
မြန်မ
114
သင့်စက်တွင် ဖြုတ်နိုင်သော ဘက်ထရီပါရှိပြီး ကာလအတန်ကြာ
အသုံးမပြုပါက ဘက်ထရီကို ဖြုတ်ယူပြီး သီးခြားသိမ်းဆည်းပါ။
ဘက်ထရီကို မသုံးပါက သုံးလတစ်ကြိမ် အားသွင်းပြီး အားကုန်သည်အထိ
ထားပေးပါ။ မသိမ်းဆည်းမီ ဘက်ထရီကို ၆၀% မှ ၇၀% အထိ
အားသွင်းထားကြောင်း သေချာပါစေ။
ဘက်ထရီ အပျက်များကို သင့်နယ်မြေတွင်း ဥပဒေများနှင့်
စည်းကမ်းချက်များနှင့်အညီ စွန့်ပစ်ရမည်။ သင့်နယ်မြေတွင်း၌ သက်ဆိုင်ရာ
ဥပဒေ သို့မဟုတ် စည်းမျဉ်းများ မရှိပါက ဘက်ထရီ အပျက်များကို
အန္တရာယ်ရှိ ပစ္စည်းများ စွန့်ပစ်နိုင်သည့် အမှိုက်ပုံးဖြင့် စွန့်ပစ်ပါ။
ဘက်ထရီကို ထိုးဖောက်ခြင်း သို့မဟုတ် လျှပ်ငုတ်များကို
ပတ်လမ်းတို(ရှော့ခ်) ဖြစ်စေခြင်း မရှိရ။ ပေါက်ကွဲခြင်း သို့မဟုတ်
မီးလောင်ခြင်း ဖြစ်နိုင်သည်။
ဘက်ထရီကို မီးထဲသို့ သို့မဟုတ် ရေထဲသို့ လွှင့်မပစ်ရပါ။ ပေါက်ကွဲနိုင်သည်။
စက်နှင့်အတူ ပံ့ပိုးထားသော မူရင်းဘက်ထရီကို အသုံးပြုပါ။
မူရင်းမဟုတ်သော ဘက်ထရီကို သုံးပြုပါက ပေါက်ကွဲခြင်းဖြစ်နိုင်သည်။
ဘက်ထရီ ပျက်စီးသွားပါက အစားထိုးရန်အတွက် စက်ထုတ်လုပ်သူ
သို့မဟုတ် သင့်ဒေသတွင်း ဖြန့်ချိသူသို့ ဆက်သွယ်ပါ။
သင့်စက်တွင် ကြယ်သီးသဏ္ဍာန် ဘက်ထရီပါဝင်ပါက ကလေးများ
လက်လှမ်းမမီသည့်နေရာတွင် ထားရှိပါ။
ဘက်ထရီ အစုံလိုက် သို့မဟုတ် ဘက်ထရီ အတွဲကို နေရောင်နှင့်
တိုက်ရိုက်ထိတွေ့ခြင်း၊ မီးနှင့်ထိတွေ့ခြင်း သို့မဟုတ် အခြား အပူချိန်မြင့်
ရင်းမြစ်များနှင့် ထိတွေ့စေခြင်း လုံးဝမပြုရပါ။
ဖောမက်လုပ်နေစဉ်၊ အပ်လုဒ် လုပ်နေစဉ်နှင့် ဒေါင်းလုဒ်လုပ်နေစဉ်တွင်
ပါဝါမဖြုတ်ပါနှင့်။ သို့မဟုတ် ဖိုင်များ ပျက်စီးနိုင်ပါသည်။
အပီကေးရှင်း