User’s Manual

10
ASUS Travelair N
အက်ဒမင်/ဧည့်သည် စကားဝှက် တည်ဆောက်ခြင်း
သင့် Travelair N နှင့် ၎င်း၏ပါဝင်မှုများကို ခွင့်မပြုထားသောအသုံးပြုမှုမှ လုံခြုံစိတ်ချရရန် အက်ဒမင်နှင့်
ဧည့်သည် စကားဝှက်ကို တည်ဆောက်ပါ။
မှတ်ချက်- အက်ဒမင်အပါအဝင် အသုံးပြုသူငါး(၅)ဦးအထိ Travelair N ကို တစ်ပြိုင်နက်တည်း
အသုံးပြုနိုင်သည်။
အက်ဒမင် စကားဝှက် တည်ဆောက်ခြင်း
အက်ဒမင် စကားဝှက် တည်ဆောက်ရန်-
၁။ AiDrive ပင်မစခရင်တွင် app မီနူး ဖော်ပြရန် ဘယ်ဘက်မှ ပွတ်ဆွဲပါ။
၂။ AiDrive Settings (AiDrive ဆက်တင်များ) ကို နှိပ်ပါ။
၃။ ဝေမျှခြင်း Sharing Settings (ဆက်တင်များ) > Admin Password (အက်ဒမင် စကားဝှက်) ကို နှိပ်ပါ။
၎။ အက်ဒမင် စကားဝှက်ကို ပထမဦးဆုံးအကြိမ် တည်ဆောက်သောအခါ စကားဝှက်အဟောင်း အကွက်ကို
အလွတ်အတိုင်းထားပါ။
၅။ New Password (စကားဝှက်အသစ်) အကွက်တွင် အက္ခရာနှင့်ဂဏန်း ၅-၃၂ လုံး ထည့်ပါ။
၆။ Confirm Password (အတည်ပြု စကားဝှက)် အကွက်တွင် အက်ဒမင် စကားဝှက်ကို ထပ်မံထည့်ပြီး
Save (သိမ်းပါ) ကို နှိပ်ပါ။